About Us
ဥပဒေကိုကောင်းစွာနားလည်၍ သူတပါးငွေကြေးကိုမတရားသောနည်းလမ်းဖြင့် အချောင်ရယူလိုသူများအတွက် အိမ်ခြံမြေဈေးကွက်သည်နိဗ္ဗာန်ဈေးပွဲတော်ကြီးသဖွယ်ဖြစ်နေပါသည်။ အိမ်ခြံမြေ ရောင်းဝယ်ခြင်းလုပ်ငန်းစဉ်များတွင်မှားယွင်းမူများ၊ ဆုံးရှူံးမူများမဆုံတွေ့၊ မကြုံတွေ့စေရန်ကျွမ်းကျင်သူများဖြင့်တိုင်ပင်ဆွေးနွေးပါ။
ကျွန်တော်တို့ Buy Home သည် အိမ်ခြံမြေနှင့် ရင်းနှီးမြှုပ်နှံမူ အကြံပေးပညာရှင် (အိမ်မပြို၊ မြေမမျို) စာအုပ်ဖန်တီးရှင် ဆရာဝီလျှံအောင် ဦးစီး၍ ကျွမ်းကျင်သောအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများ၊ ဥပဒေပညာရှင်များဖြင့်စုစည်းထားသော အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မူလုပ်ငန်းဖြစ်ပါသည်။
ဝီလျှံအောင်သည် ကနေဒါနိုင်ငံတွင်အိမ်ခြံမြေရင်းနှီးမြုပ်နှံမူအကြံပေးအဖြစ်လုပ်ကိုင်ခဲ့ပါသည်၊ Hedge Fund တစ်ခုအတွက်အိမ်ခြံမြေဈေးကွက်သုတေသန (Research) ဌာနကိုကိုင်တွယ်သုတေသနလုပ်ဖူးပါသည်၊ (၂၀၁၁) တွင်အိမ်ခြံမြေအင်တာနက်ဝက်ဆိုဒ် (Website) တစ်ခုရေးဆွဲ၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးပါသည်။