Sell
မြန်မာနိုင်ငံအိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဉ်များသည် ပွင့်လင်းမြင်သာမူအားနည်းခြင်း၊ ကျယ်ပြန့်သောအရောင်းကြော်ငြာပြုလုပ်နိုင်စွမ်းမရှိ၊ အားနည်းခြင်း၊ ပြည့်စုံကောင်းမွန်မူမရှိခြင်း စသည့်အခက်အခဲများကြောင့် နီးစပ်ရာလက်တို့အရောင်း/အဝယ်လုပ်နေရသည့်လုပ်ငန်းစဉ်မျိုးဖြစ်နေပါသည်။
အိမ်ခြံမြေရောင်းသူအနေဖြင့်ကျယ်ပြန့်သောဝယ်သူဈေးကွက်ကိုလက်လှမ်းမမီ၊ ဝယ်သူများအနေဖြင့်လည်း ရောင်းသူများက ပွင့်လင်းမြင်သာ သောနည်းလမ်းများဖြင့်ဈေးကွက်မတင်နိုင်သောကြောင့် ဝယ်သူဈေးကွက်ကိုလက်လှမ်းမမီဖြစ်နေရသည်။ အဆိုပါရောင်းသူ/ဝယ်သူများ၏ဈေးကွက်လိုအပ်ချက်ကို ကျွန်တော်တို့ Buy Home ၏ အကျိုးဆောင်လုပ်ငန်းသည် ဖြည့်စည်းပေးနိုင်စွမ်းရှိပါသည်။
ကျွန်တော်တို့ Buy Home ကို ဆက်သွယ်ပါ။
ကျွန်တော်တို့ Buy Home ၏ အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့်တခါစား၊ တပွဲထိုးအလုပ်များကိုရှောင်ရှား၍ အိမ်ခြံမြေဝယ်ယူမည့်သူသည် မိမိအားယုံကြည်သောကြောင့် မိမိအားအိမ်ခြံမြေဝယ်ယူရန်အလုပ်အပ်နှံခြင်းဖြစ်သည်ဟုခံယူထား၍ ရိုးသားမူကိုအခြေပြု၍ ရောင်းသူ/ဝယ်သူဖောက်သည်များ၏ အကျိုးစီးပွားကိုထိပ်တန်းတင်ထားသူများဖြစ်ပါသည်။
ကျွန်တော်တို့ Buy Home ၏ ဦးစီးပဲ့ကိုင်သူ ဝီလျှံအောင်သည် အိမ်ခြံမြေသုတေသနအလုပ်ကိုအချိန်ပိုင်းလုပ်သူဖြစ်သည်၊ ဝီလျှံအောင်သည်အိမ်ခြံမြေနှင့်ပတ်သက်သည့်အချက်အလက်များစွာကိုအချိန်ပေး၍လေ့လာသူဖြစ်ပါသည်။