About Us

ကျွန်တော်တို့ Buy Home သည် အိမ်ခြံမြေနှင့် ရင်းနှီးမြှုပ်နှံမူ အကြံပေးပညာရှင် (အိမ်မပြို၊ မြေမမျို) စာအုပ်ဖန်တီးရှင် ဆရာဝီလျှံအောင် ဦးစီး၍ ကျွမ်းကျင်သောအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများ၊ ဥပဒေပညာရှင်များဖြင့်စုစည်းထားသော အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မူလုပ်ငန်းဖြစ်ပါသည်။

ဝီလျှံအောင်သည် ကနေဒါနိုင်ငံတွင်အိမ်ခြံမြေရင်းနှီးမြုပ်နှံမူအကြံပေးအဖြစ်လုပ်ကိုင်ခဲ့ပါသည်၊ Hedge Fund တစ်ခုအတွက်အိမ်ခြံမြေဈေးကွက်သုတေသန (Research) ဌာနကိုကိုင်တွယ်သုတေသနလုပ်ဖူးပါသည်၊ (၂၀၁၁) တွင်အိမ်ခြံမြေအင်တာနက်ဝက်ဆိုဒ် (Website) တစ်ခုရေးဆွဲ၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးပါသည်။

Pre-Sale Projects

Land

Our Services

Agents

ကျွန်တော်တို့ Buy Home သည်တာဝန်ခံမူ၊ တာဝန်ယူမူပြည့်ဝသော အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မူ ပေးသူများဖြစ်ပါသည်။ …

Buys

အိမ်ခြံမြေဝယ်ခြင်းအလုပ်သည်အနုပညာမြောက်သောလူနေမူဘဝအဆင့်အတန်းကိုသတ်မှတ်ဖေါ်ကျုးခြင်း နှင့်လူမူစီးပွားရေးအခြေအနေကိုပြသမူဖြစ်သည်။ …

Sell

မြန်မာနိုင်ငံအိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဉ်များသည် ပွင့်လင်းမြင်သာမူအားနည်းခြင်း၊ ကျယ်ပြန့်သောအရောင်းကြော်ငြာပြုလုပ်နိုင်စွမ်းမရှိ၊ အားနည်းခြင်း၊ပြည့်စုံကောင်းမွန်မူမရှိခြင်း —

Rent

အိမ်ငှားမည်ဆိုရင်သတိထားရမည့်အချက်တချို့ ရှိပါသည်၊ အိမ်ဝယ်မယ်ဆိုရင် လူတိုင်းရှေ့နေခေါ်ပြီး စာရွက်စာတမ်းစစ်သည်၊ သတင်းစာကြော်ငြာထည့်သည်။ …

Pre-Sale Projects

ကြိုပွိုင့်ဆိုသည်မှာအဆောက်အအုံမဆောက်လုပ်ခင် (သို့မဟုတ်) ဆောက်လုပ်ဆဲအချိန်၊ လူနေထိုင်ရန်အဆင်သင့်မဖြစ်သေးသောအဆောက်အအုံကိုကြိုတင်ရောင်းချခြင်းဖြစ်သည်။

Buy Home ဖန်တီးရှင် ဝီလျှံအောင်

ဝီလျှံအောင်သည် ကနေဒါနိုင်ငတွင်နေထိုင်၍ အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမူနှင့် ငွေကြေးစီမံခန့်ခွဲမူပညာရှင်အဖြစ်လုပ်ကိုင်ခဲ့ပါသည်။
ဝီလျှံအောင်သည် မြန်မာနိုင်ငံအမျိုးသားအာမခံကျွမ်းကျင်သူပညာရှင်အဖြစ် နိုင်ငံတကာပညာရှင်များနှင့်လက်တွဲ၍ နိုင်ငံတော်အဆင့်ပရောဂျက် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကာကွယ်ရေးစီမံကိန်းတွင် အာမခံပညာရှင်အဖြစ်လုပ်ကိုင်ခဲ့ပါသည်။

ဝီလျှံအောင် ရေးသားထုတ်ဝေခဲ့သောစာအုပ်များ

၁။ မော်တော်ယာဉ်အာမခံအကြောင်း မသိမဖြစ်သိကောင်းစရာများ။
၂။ အသက်အာမခံ အကြောင်း သိကောင်းစရာများ။
၃။ လူတိုင်းအတွက်အာမခံ။
၄။ စတော့အိတ်ချိန်းမှာ အရင်းအနှီးရှာ။
၅။ ငွေကြေးဖြင့်နိုင်ငံထူထောင်ခြင်း။
၆။ စတင်ခြင်း။
၇။ ရောင်းခြင်းဖြင့် ကူညီပါ။
၈။ အိမ်မပြို မြေမမျို စာအုပ်များရေးသားထုတ်ဝေခဲ့ပါသည်။