Pre-Sale Projects
ကြိုပွိုင့်ဆိုသည်မှာအဆောက်အအုံမဆောက်လုပ်ခင် (သို့မဟုတ်) ဆောက်လုပ်ဆဲအချိန်၊ လူနေထိုင်ရန်အဆင်သင့်မဖြစ်သေးသောအဆောက်အအုံကိုကြိုတင်ရောင်းချခြင်းဖြစ်သည်။ ကြိုပွိုင့်စနစ်ဖြင့်ဝယ်ယူခြင်းသည်စာရွက်၊ ဓါတ်ပုံပေါ်တွင်ပြသထားသည့်အဆောက်အအုံနမူနာပုံစံကိုကြည့်၍ဝယ်ယူခြင်းဖြစ်သည်။ ဆောက်လုပ်ပြီးစီး၍မျက်မြင်တိုက်ခန်းဝယ်ယူခြင်းကိစ္စရပ်များကိုသတိကြီးစွာဖြင့်အရောင်းအဝယ်ကိစ္စများကို ဆောင်ရွက်နေရချိန်တွင် မျက်စိဖြင့်မြင်တွေ့မရနိူင်သော၊ အကောင်အထည်ပြသနိုင်ခြင်းမရှိသော၊ လက်ဆုပ်လက်ကိုင်မရှိသောအဆောက်အအုံဝယ်ယူရခြင်းသည် အန္တရာယ်များသည်၊ ဆုံးရှုံးခြင်းဖြစ်ပေါ်နိူင်သည်၊ လွန်စွာစွန့်စားရသောရင်းနှီးမြှုပ်နှံမူ အရောင်းအဝယ်ကိစ္စဖြစ်ပါသည်။
ကြိုပွိုင့်တိုက်ခန်းများသည်မျက်စိဖြင့်မြင်တွေနိုင်သည့်အဆောက်အအုံများမဟုတ်သောကြောင့်ဝယ်သူသည်ဘက်ပေါင်းစုံမှလေ့လာစုံစမ်းမူများပြုလုပ်ရသည်၊ ဆောက်လုပ်ရေးကန်ထရိုက်တာ၏အရည်အချင်းနှင့်စွမ်းဆောင်ရည်ကိုအကဲဖြတ်ရသည်၊ ငွေကြေးခိုင်မာတောင့်တင်းမူကိုလေ့လာစုံစမ်းရသည်။
ကြိုပွိုင့်အရောင်းအဝယ်သဘောတရားသည် ကတိကဝတ်များကိုအခြေခံထားသောလေထဲတွင်တိုက်အိမ်ဆောက်နေခြင်းသဘောတရားကိုစာချုပ်၊ စာတမ်းများတွင်ရေးသားထားသောပြည့်စုံမူ၊ ကတိကဝတ်များကိုအကောင်အထည်ဖေါ်နိူင်စွမ်း၊ တာဝန်ခံမူတာဝန်ယူမူများကိုလေ့လာဆန်းစစ်၍ဝယ်ယူရခြင်းဖြစ်သည်။
ကျွန်တော်တို့ ပေးခြင်သောသတင်းစကားသည်မည်သည့်အလုပ်ပဲလုပ်လုပ်ကျွမ်းကျင်သူများ၊ မိမိယုံကြည်စိတ်ချရသူများဖြင့်လုပ်ပါ၊ မိမိယုံကြည်စိတ်ချရသောသူသည်ကျွမ်းကျင်မူမရှိသူဖြစ်ကောင်းဖြစ်မည်၊ အိမ်ခြံမြေရောင်းဝယ်ရေးတွင် နေရာဒေသကျွမ်းကျင်သောအကျိုးဆောင်၊ စာရွက်စာတမ်းနားလည်သောအကျိုးဆောင်၊ ဥပဒေစည်းမျဥ်းစည်းကမ်းနားလည်သောအကျိုးဆောင်၊ အခွန်ကိစ္စကျွမ်းကျင်သောအကျိုးဆောင်၊ အိမ်တန်ဖိုးကိုအကဲဖြတ်ကျွမ်းကျင်သောအကျိုးဆောင် စသည်ဖြင့်အကျိုးဆောင်များရှိပါသည်။ ကျွမ်းကျင်နားလည်သောအကျိုးဆောင်ကောင်းကိုရှာဖွေရမည့်အလုပ်သည် အိမ်ဝယ်မည့်သူများ၏အလုပ်ဖြစ်ပါသည်။
အတွေ့အကြုံအရအိမ်ခြံမြေဝယ်ယူရန်အတွက်နေရာကောင်း၊ ဈေးနှုန်းသင့်၊ အရှုပ်အရှင်းကင်းသည့်အိမ်ခြံမြေများကို စာရေးသူယုံကြည်စိတ်ချရသောအကျိုးဆောင်များဖြင့်ရှာဖွေရန်မလွယ်ကူပါ၊ မိမိနှင့်သိကျွမ်း၍ မိမိယုံကြည်စိတ်ချရသောအကျိုးဆောင်များသည်နယ်ကျော်၍ပေးရသောဝန်ဆောင်မူများအတွက်အခက်အခဲရှိသည်၊ သူတို့ထံတွင်ရှိသည့်အပ်ထည်များသည် သူတို့လုပ်ငန်းလုပ်ရာ၊ နေထိုင်ရာပတ်ဝန်းကျင်များတွင်သာရှိသည် ဝယ်သူအတွက်အဆင်မပြေနိုင်ပါ။
အိမ်ဝယ်မည့်သူများအနေဖြင့်လည်း အားနာနေ၍မရပါ၊ အဆင်မပြေလျှင်အဆင်မပြေဘူးပြောပါ၊ မိမိနှင့်အဆင်မပြေသောအကျိုးဆောင်ဟုထင်မြင်ယူဆပါကအကျိုးဆောင်ပြောင်း၍အိမ်ရှာဖွေဝယ်ယူပါ။ အိမ်ဝယ်ယူခြင်းအလုပ်သည်တန်ဖိုးကြီးမားသောအရောင်းအဝယ်အလုပ်ဖြစ်သည်၊ အဆုံးရှူံးခံ၍မရသောအရောင်းအဝယ်ဖြစ်သည်၊ အကျိုးဆောင်များသည် အကျိုးဆောင်ခကော်မရှင်ရရှိရေးအတွက်သာဦးတည်ရည်ရွယ်၍ လုပ်ကိုင်နေသည်ဟုထင်မြင်ယူဆပါက အဆိုပါအကျိုးဆောင်နှင့်ချက်ခြင်းလက်တွဲဖြုတ်ပါ။
အိမ်ခြံမြေ ဝယ်ယူရန်အတွက်။ ကျွန်တော်တို့ Buy Home ကို ဆက်သွယ်ပါ။
ကိုယ်တိုင်ရှာဖွေပါ
အိမ်ခြံမြေဝယ်ယူသူများသည် ဈေးချို၊ နေရာကောင်း၊ အိမ်ကောင်းရရှိရန်အတွက်ကိုယ်တိုင်ကြိုးစားရှာဖွေရန်လိုအပ်ပါသည်။ ပွဲစားသည် သူ့ထံတွင်ရှိသည့်အပ်ထည်များကို ဦးစွာပထမပြ၍ အတင်းတိုက်တွန်းရောင်းချပါမည်၊ အကျိုးဆောင်ပွဲစားများ၏ထောင်ချောက်အတွင်းသို့ မဝင်မိအောင်မိမိကိုယ်မိမိအမြဲသတိပြုပါ၊ အိမ်ခြံမြေဝယ်ယူခြင်းလုပ်ငန်းစဉ်တွင်မိမိသာလျှင်ပဲ့ကိုင်ရှင်၊ မိမိဆုံးဖြတ်ချက်ဖြင့်သာရွှေးချယ်ပါ။
အတွေ့အကြုံအရ ပွဲစားတချို့သည် ကျောက်ရုပ်ကိုခေါင်းငြိမ့်အောင် ပြောဆိုတတ်သော အတတ်ပညာတွင်ကျွမ်းကျင်သည်၊ အားနာတတ်သောလူတချို့အပေါ်တွင်ဖိအားပေး၍သူတို့အလိုကျကြိုးဆွဲရာကအောင်ဖိအားပေးတတ်သည်။
မြန်မာနိူင်ငံတွင်အိမ်ခြံမြေဝယ်ယူမည့်သူများအတွက် နေရာကောင်း၊ ဈေးမှန်၊ ပိုင်ဆိုင်မူမှန်ကန်သောအိမ်ခြံမြေရှာခြင်းအလုပ်သည် မလွယ်ကူပါ၊ အိမ်ခြံမြေဝယ်ယူမည့်သူများအတွက် အကောင်းဆုံးအကျိုးဆောင်ပေးမည့် အကျိုးဆောင်ကုမ္မဏီကောင်းတစ်ခုကို ပထမဆုံးရှာဖွေ၍အဆိုပါအကျိုးဆောင်ကုမ္မဏီသည် မိမိဝယ်ယူရန်ဆန္ဒရှိသောနေရာ ဒေသတွင်ဝန်ဆောင်မူပေးနိူင်/ မပေးနိူင်စုံစမ်းမေးမြန်း၍ အဆိုပါအကျိုးဆောင်နှင့်လက်တွဲသင့်/ မသင့် မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချရပါမည်။
ကျွန်တော်တို့ Buy Home ၏အကျိုးဆောင်များသည် တခါစား၊ တပွဲထိုးအလုပ်များကိုရှောင်ရှားပါသည်၊ အိမ်ခြံမြေ ရောင်း/ဝယ်ယူမည့်သူသည် မိမိအားယုံကြည်သောကြောင့် မိမိအားအိမ်ခြံမြေဝယ်ယူရန်အလုပ်အပ်နှံခြင်းဖြစ်သည်ဟုခံယူထားပါသည်။
အမေရိကန်စာရေးဆရာ၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ (Robert Kiyosaki) သည်အိမ်တလုံးဝယ်ယူရန်အိမ်အလုံးပေါင်း ၅၀၀ ကျော်ကြည့်သည်ဟုပြောပါသည်။
ကျွန်တော်တို့ Buy Home ၏အကျိုးဆောင်များသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမူအကြံပေးလုပ်ငန်းတွင် အိမ်ဝယ်ယူရန်အကြံပေးသည့်အချိန်တိုင်းတွင် အိမ်ခြံမြေ ရာဂဏ္ဍန်းကျော်ကြည့်ရှူလေ့လာပြီးမှသာ ရောင်းခြင်း/ဝယ်ခြင်း ကိစ္စများကိုအကြံပေးပါသည်၊ အိမ်ခြံမြေ ရာဂဏ္ဍန်းကျော်ကြည့်ရှူသည့်ကိစ္စအတွက် မိတ်ဆွေများအနေဖြင့်အထူးအဆန်းဖြစ်နေမည်ထင်ပါသည်။
ကျွန်တော်တို့ Buy Home တည်ထောင်သူသည် အိမ်ခြံမြေသုတေသနအလုပ်ကိုအချိန်ပိုင်းလုပ်ခဲ့သူဖြစ်သည်၊ ကျွန်တော်တို့ Buy Home တွင်အိမ်ခြံမြေနှင့်ပတ်သက်သည့်အချက်အလက်များစွာရှိပါသည်။
နိုင်ငံတကာတွင်အိမ်ခြံမြေရောင်းဝယ်ခြင်းလုပ်ငန်းသည် အင်တာနက်စာမျက်နှာ (Website) တွင်တရားဝင်လွှင့်တင်၍ရောင်းဝယ်ခြင်းဖြစ်သည်။ အိမ်ခြံမြေများကိုအင်တာနက်မှတဆင့်ကြည့်သည်၊ ဈေးနှုန်းနှိုင်းယှဉ်သည်၊ အင်တာနက်တင်သည့်နေ့ကိုကြည့်သည်၊ ပြသာနာတစ်စုံတစ်ရာမူခင်းဖြစ်ပွားခဲ့ခြင်းရှိ၊ မရှိစစ်သည်၊ အိမ်လက်လွှဲရောင်းချမူရာဇဝင်နှင့် ရောင်းချခဲ့သောဈေးနှုန်းကိုစုံစမ်း၍ ရောင်းသူ/ဝယ်သူများကိုအကြံပေးခြင်းဖြစ်ပါသည်။
အင်တာနက်စာမျက်နှာများကိုမွှေနှောက်ရှာဖွေခြင်းဖြင့်အိမ်ခြံမြေ၏ သတင်းအချက်အလက်၊ ဈေးနှုန်းနှင့် ပတ်ဝန်းကျင်အခြေအနေကို လေ့လာနိုင်ပါသည်၊ အချိန်ပေးကြည့်ရှူလေ့လာခြင်းဖြင့်အလွယ်တကူသိနိုင်ပါသည်။ (ကျွန်တော်တို့ Buy Home ၏ ဝန်ထမ်းများသည် ဝယ်သူလိုအပ်ချက်နှင့်ကိုက်ညီသော အိမ်ခြံမြေများကိုအချိန်ပေးလေ့လာ၍ ဝယ်သူများကိုအကြံပေးခြင်းဖြစ်ပါသည်။)