Rent

အိမ်ငှားမည်ဆိုရင်သတိထားရမည့်အချက်တချို့ ရှိပါသည်၊ အိမ်ဝယ်မယ်ဆိုရင် လူတိုင်းရှေ့နေခေါ်ပြီး စာရွက်စာတမ်းစစ်သည်၊ သတင်းစာကြော်ငြာထည့်သည်။
ရှေ့နေညွှန်ကြားချက်အတိုင်းလုပ်သင့်လုပ်ထိုက်သည့်ကိစ္စရပ်များကို လုပ်ပြီးမှ ဈေးညှိ ဝယ်သည့်အတွက် အမှားနည်းသည်။

ငှားရမ်းခြင်းကိစ္စများတွင်နိုင်ငံခြားကုမ္မဏီရုံးခန်း၊ စက်ရုံများ၊ လုပ်ငန်းနှင့်ဆိုင်သောကိစ္စရပ်များတွင်သာရှေ့နေအသုံးပြုသည်၊ သာမန်အိမ်ဌားရမ်းသူများသည်ရှေ့နေမသုံးပါ၊ တချို့ဌားခြင်းကိစ္စများတွင်အိမ်ပိုင်ဆိုင်သူ၊ ဌားသူနှစ်ဦးနှစ်ဖက်စကား ပြောဆိုနားလည်မူယူ၍ဌားပါသည်။ နားလည်သောအိမ်ခြံမြေအကျိုးဆောင်များဖြင့်ဌားရမ်းပါက အမှားနည်းနိုင်ပါသည်၊ ရပ်ကွက်ပွဲစား၊ အိမ်ခြံမြေပညာအတွေ့အကြုံမရှိသော အကျိုးဆောင်များဖြင့်ဌားရမ်းပါက၊ လိမ်ညာသည့်သူနှင့်တွေ့ရင်တော့ဆုံးရှုံးမူနှင့်ကြုံတွေ့နိုင်ပါသည်။

ရုံးခန်း၊ ဆိုင်ခန်း နှင် လူနေထိုင်ရန် အဆောက်အအုံများ ငှားခြင်းဆိုင်ရာကိစ္စများအတွက် Buy Home ကို ဆက်သွယ်လိုက်ပါ။