Buy Home ဖန်တီးရှင် ဝီလျှံအောင်

ဝီလျှံအောင်သည် ကနေဒါနိုင်ငတွင်နေထိုင်၍ အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမူနှင့် ငွေကြေးစီမံခန့်ခွဲမူပညာရှင်အဖြစ်လုပ်ကိုင်ခဲ့ပါသည်။
ဝီလျှံအောင်သည် မြန်မာနိုင်ငံအမျိုးသားအာမခံကျွမ်းကျင်သူပညာရှင်အဖြစ် နိုင်ငံတကာပညာရှင်များနှင့်လက်တွဲ၍ နိုင်ငံတော်အဆင့်ပရောဂျက် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကာကွယ်ရေးစီမံကိန်းတွင် အာမခံပညာရှင်အဖြစ်လုပ်ကိုင်ခဲ့ပါသည်။

ဝီလျှံအောင် ရေးသားထုတ်ဝေခဲ့သောစာအုပ်များ

၁။ မော်တော်ယာဉ်အာမခံအကြောင်း မသိမဖြစ်သိကောင်းစရာများ။
၂။ အသက်အာမခံ အကြောင်း သိကောင်းစရာများ။
၃။ လူတိုင်းအတွက်အာမခံ။
၄။ စတော့အိတ်ချိန်းမှာ အရင်းအနှီးရှာ။
၅။ ငွေကြေးဖြင့်နိုင်ငံထူထောင်ခြင်း။
၆။ စတင်ခြင်း။
၇။ ရောင်းခြင်းဖြင့် ကူညီပါ။
၈။ အိမ်မပြို မြေမမျို စာအုပ်များရေးသားထုတ်ဝေခဲ့ပါသည်။

မြန်မာရေးရာလေ့လာရေးအဖွဲ့မှ ထုတ်ဝေနေသော ကမ္ဘာရေးရာ နှင့် မြန်မာရေးရာ စာစောင်များတွင်လည်း စီးပွားရေး၊ လူမူစီးပွားရေး ဆောင်းပါးများကို ရေးသားနေသူဖြစ်ပါသည်။ စင်ကာပူအခြေစိုက် Asia Insurance Review ဂျာနယ်တွင်လည်း အာမခံဆိုင်ရာဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားနေသူဖြစ်ပါသည်။

ဝီလျှံအောင်သည် ယခုအချိန်တွင် မြန်မာနိုင်ငံ၌နေထိုင်၍ စီးပွားရေးလုပ်ငန်းရှင်များအတွက် အကြံပေးခြင်း၊ Corporate Restructure, Risk Management, Financial Analysts နှင့်ပတ်သက်၍ အကြံပေးဆွေးနွေးခြင်း၊ Management level ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် ဟောပြောပွဲများလက်ခံကျင်းပပေးပါသည်။
အိမ်ခြံမြေ ဝယ်ယူသူများ၊ ရောင်းချသူများ၊ အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်များများရရှိနိုင်သော၊ ဆုံးရှူံးနစ်နာမူများမဖြစ်ပွားစေ‌ရန်အတွက် အကြံပေးဆွေးနွေးပေးပါသည်။