Agent
ကျွန်တော်တို့ Buy Home သည်တာဝန်ခံမူ၊ တာဝန်ယူမူပြည့်ဝသော အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မူ ပေးသူများဖြစ်ပါသည်။
ကျွန်တော်တို့ Buy Home ၏ အိမ်ခြံမြေအကျိုးဆောင်များသည် အိမ်ခြံမြေများကိုရောင်းချခြင်းမဟုတ်ပါ၊ အိမ်ခြံမြေရောင်းချခြင်းလုပ်ငန်းစဉ်တွင် ဝယ်သူအကျိုးစီးပွား/ရောင်းသူအကျိုးစီးပွားကို ရှေ့တန်းတင်၍ ဝန်ဆောင်မူပေးခြင်းဖြစ်ပါသည်။
အကျိုးဆောင်နှင့်ပွဲစားမတူပါ၊ ကျွန်တော်တို့ Buy Home ၏အကျိုးဆောင်များသည်မိမိအားယုံကြည်၍ အလုပ်အပ်နှံသူများ၏အကျိုးစီးပွားကို ရှေ့တန်းတင်တာဝန်ယူ၍ အကောင်းဆုံးဝန်ဆောင်မူပေးသူများဖြစ်ပါသည်။
ပွဲစား၏ရည်ရွယ်ချက်သည် ပွဲဖြစ်မြောက်စေရန်အဓိကဖြစ်သည်၊ ကျွန်တော်တို့ Buy Home ၏အကျိုးဆောင်များသည် မိမိအားအလုပ်အပ်နှံသူများ၏ အကျိုးစီးပွားများမနစ်နာမဆုံးရှူံးစေရန်မိမိတတ်သိပညာ၊ အတွေ့အကြုံများကိုအကောင်းဆုံးအသုံးပြု၍ ကောင်းမွန်သော အကြံဉာဏ်ပေးနိူင်ရန်ဖြစ်ပါသည်။
အိမ်ခြံမြေအရောင်းအဝယ်သည် သိန်းပေါင်းထောင်၊ သောင်းမကတန်သော မရွှေ့ပြောင်းနိူင်သောပိုင်ဆိုင်မူများကို ရောင်းဝယ်လက်လွှဲပြောင်းရောင်းချခြင်းဖြစ်ပါသည်၊ အကျိုးဆောင်များ၏ တာဝန်ယူမူ၊ တာဝန်ခံမူသည် ရောင်းသူ/ဝယ်သူများအကျိုးစီးပွားအတွက်လွန်စွာအရေးကြီးပါသည်။
ကျွန်တော်တို့ Buy Home ၏ အကျိုးဆောင်များသည် ပိုင်ဆိုင်မူလည်းခိုင်မာသည်၊ ဈေးလည်းတန်သည့် အိမ်ခြံမြေများကိုသာ မိမိတို့၏ဖောက်သည်များကိုအကြံပေးပါသည်။ Buy Home ၏ ဝန်ဆောင်မူလုပ်ငန်းများသည် မိမိကိုယ်စားပြုသော ရောင်းသူ၊ ဝယ်သူများ မှန်ကန်သောဆုံးဖြတ်ချက်များချနိူင်ရန်ကူညီအကြံပေးခြင်းဖြစ်ပါသည်။
အိမ်ခြံမြေဝယ်ယူသူများသည် အသိ၊ သတိရှိဖို့လိုအပ်သည်၊ ရောင်း/ဝယ်၍ရခြင်း/မရခြင်း၊ ဂရန်စာရွက်များ အတုရှိကြောင်းသိရန်လိုအပ်သည်။ ဂရန်အစစ်ဖြစ်ကြောင်း၊ မြေအရှုပ်အရှင်းများစသည့်အချက်အလက်များကိုစစ်ဆေးတတ်စရာမလိုပါ။ တတ်သိနားလည်သည့်သူများကိုစစ်ဆေးပေးပါဟုသာညွှန်ကြားရန်လိုအပ်ပါသည်။
အိမ်ခြံမြေရောင်းဝယ်ခြင်းလုပ်ငန်းတွင်လှည့်စားမူများ၊ ပရိယာယ်များရှိသည်၊ ဆုံးရှုံးနိုင်ခြင်းရှိသည်ဟုသိရှိလက်ခံထားရမည်၊ ထိုသို့သိရှိလက်ခံထား၍ တတ်သိနားလည်သူများဖြင့်စစ်ဆေး၊ တိုင်ပင်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်အမှားမရှိအောင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။
အိမ်ခြံမြေရောင်းဝယ်ဌားလုပ်ငန်းများသည်ရိုးရှင်းမူမှအစပြု၍နက်ရှိုင်းသောရောင်းဝယ်မူများအထိအမျိုးမျိုးအဖုံဖုံရှိပါသည်၊ လူသားများရှိနေသမျှကာလပတ်လုံး အိမ်ခြံမြေရောင်းဝယ်ဌားလုပ်ငန်းများလည်းတည်ရှိနေပါမည်။ အိမ်ခြံမြေဈေးကွက်တွင် ရေးမကုန်သောပြသာနာများ၊ ချိုချိုချောင်ချောင်ရမည်အထင်ဖြင့်အိမ်ခြံမြေဈေးကွက်တွင်ဝင်ရောက် ရင်းနှီးမြှုပ်နှံသူများ၊ မသိနားမလည်ပဲ သူတပါးသွေးဆောင်မူကြောင့် ရောင်းမှား၊ ဝယ်မှားဖြစ်ရသော အမူအခင်းများ၊ အရှုပ်အထွေးများ၊ ရှူပ်ထွေးမူများရှိပါသည်၊ အဆိုပါအရှူပ်အထွေးများအထဲတွင်မိမိသည်သားကောင်မဖြစ်ရန်အသိပညာဗဟုသုတပြည့်စုံစွာဖြင့်မိမိ၏ကိုယ်ခံအားကိုမြှင့်တင်ထားရမည်။
အိမ်ခြံမြေရောင်းဝယ်ဌားပြုလုပ်သူတိုင်း အရောင်းအဝယ်မှန်ကန်၍နစ်နာဆုံးရှူံးမူများဖြင့်ကြုံတွေခြင်းမှကင်းဝေးစေရန် ရည်ရွယ်၍ ကျွန်တော်တို့ Buy Home ၏ အကျိုးဆောင်လုပ်ငန်းထူထောင်ရခြင်းဖြစ်ပါသည်။