Land
မြေ
အိမ်များသည် မြေကြီးပေါ်တွင်ဆောက်လုပ်ထားသောကြောင့်အိမ်ခြံမြေဝယ်ယူသူများသည်မြေအမျိုးအစား၊ မြေပိုင်ဆိုင်မူများအကြောင်းကောင်းစွာသိနားလည်သဘောပေါက်ထားရမည်။
အိမ်ဆောက်လူနေထိုင်၍ရသောမြေနှင့် လူနေထိုင်ရန်ခွင့်ပြုမထားသောမြေများအကြောင်းသိရှိနားလည်ထားရန်အရေးကြီးသည်။ လူနေထိုင်၍ရသောမြေဆိုသည်မှာ ဂရန်မြေ၊ စလစ်မြေ၊ ပါမစ်မြေသက်ဆိုင်ရာမြို့နယ်စည်ပင်နယ်နမိတ်ထဲကသတ်မှတ်ထားသောမြေအမျိုးအစားများဖြစ်ပါသည်။
ရင်းနှီးမြုပ်နှံသင့်သည့်မြေများရှိသကဲ့သို့ ဝယ်ယူရင်းနှီးမြှုပ်နှံရန်မသင့်တော်သည့်မြေအမျိုးအစားလည်းများစွာရှိသည်။ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုးရှိပါသည်။ ဝယ်ထားသောမြေသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တချိန်တွင်အချက်အချာကျနိုင်သောနေရာဖြစ်ရမည်။ မြေအရောင်းဝယ်တွင်မြေကိုဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှု၊ ခိုင်မာမူကို ဝယ်ယူခြင်းဖြစ်သည်။
မြေအရှုပ်တော်ပုံ
မြန်မာနိုင်ငံတွင်ရှိသောမြေအမျိုးအစားများသည် သာမန်လူများ နားလည်မူလွယ်ကူမူမရှိနိုင်လောက်အောင်များပြားရှုပ်ထွေးပါသည်၊ စားကျက်မြေ၊ မီးတားမြေ၊ မြေလွတ်မြေရိုင်းစသည်ဖြင့်မည်သူမှမပိုင်သောမြေများလည်းရှိပါသည်။ မည်သူမှမပိုင်သောမြေကွက်ကိုသက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့်ပေါင်း၍ခြံခတ်ရောင်းချနေသောဖြစ်ရပ်များလည်း ကြားဖူး၊ မြင်ဖူးပါသည်။
အဆိုပါပြသာနာအရှူပ်အထွေးကြားတွင် ချိုချိုချောင်ရမည်အထင်ဖြင့်မသိနားမလည်၍ဝင်ရောက်ဈေးကစားသူများအတွက်ဆုံးရှူံးမူများရှိလာနိုင်ပါသည်။
မြေအမျိုးအစားများအကြောင်းမသိနားမလည်၊ မြေပိုင်ဆိုင်မူမတိကျ၊ မသေချာ၊စာရွက်စာတမ်းအတုများကိုမသိနားမလည်၍ ဝယ်ယူထားသူများသည် ဆုံးရှူံးမူများကိုကြုံတွေ့ရပါမည်။